0

မှတ်စု (၁)

Posted by laylaymyint on 3:59:00 PM in ,


1. ရတနာအစစ် -

- The words that enlighten the soul are more precious than jewels. (Hazrat Inayat Khan)
- စိတ်ကို အသိဉာဏ်ရစေတဲ့စကားလုံးတွေဟာ ရတနာတွေထက် ပိုတန်ဖိုးရှိတယ်။ (ဟာ့ဇ်ရတ် အိုင်နယတ် ခန်)

2. ကိုယ်ကျင့်တရား-
- It is a farce to call any being virtuous whose virtues do not result from the exercise of its own reason. (Mary Shelley) (1797-1851)
- ဆင်ခြင်တုံတရားက ရလာတဲ့ ကိုယ်ကျင့်တရားမျိုးမရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ကိုယ်ကျင့်တရားကောင်းတယ်လို့ ခေါ်တာဟာ ပျက်လုံးတစ်ခုပါပဲ။ (မေရီ ရှဲလီ)

3. တိုင်းပြည်အတွက် -
- "Ask not what your country can do for you - Ask what you can do for your country." (John F. Kennedy)
- "သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးနိုင်သလဲ လို့မမေးပါနဲ့၊ သင်က သင့်တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာသာ မေးပါ" (သမ္မတ ကနေဒီ)

4. စာ စကား -
- Reading makes a full man; conference a ready man; and writing an exact man. (Francis Bacon) (1561-1626)
- စာဖတ်ခြင်းကြောင့် (အသိဉာဏ်) ပြည့်စုံသူဖြစ်ရသည်၊ ဆွေးနွေးခြင်းကြောင့် အဆင်သင့်ဆောင်ရွက်နိုင်သူဖြစ်ရသည်၊ စာရေးခြင်းကြောင့် (အချက်အလက်) တိကျသူဖြစ်ရသည်။ (ဖရန့်စစ် ဘေကွန်)

5. အနိုင်နဲ့ သိက္ခာ -
- I would prefer even to fail with honor than to win by cheating. (Sophocles) (496 BC-406 BC)
- ကလိမ်ကကျင့်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာရှိရှိ အရှုံးပေးရတာကို ပိုကြိုက်တယ်။ (ဆိုဖကော်လ်စ်)

6. ခေတ်ကာလ -
- There is point beyond which even justice becomes unjust. (Sophocles) (496 BC-406 BC)
- အမှန်တရား (တရားမျှတမှု) သည်ပင် အမှား (မတရား) ဖြစ်လာရတဲ့ အခါမျိုးတွေ ရှိတတ်သေးတယ်။ (ဆိုဖကော်လ်စ်)

7. အရိုးသားဆုံးအခါ -
- A man is never more truthful than when he acknowledges himself a liar. (Mark Twain) (1835-1910)
- လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို လူလိမ်ပါလို့ ၀န်ခံလိုက်တဲ့အခါထက် ပိုမိုပြီးအမှန်ပြောတာ မရှိတော့ဘူး။ (မာ့ခ်တွိန်း)

8. သဘာဝတရား -
- Nature is often hidden, sometimes overcome, seldom extinguished. (Francis Bacon) (1561-1626)
- သဘာဝတရားဟာ ပုန်းကွယ်နေလေ့ရှိတယ်၊ ရံခါ ထွက်ပေါ်လာတတ်တယ်။ လုံးဝပျောက်ကွယ်သွားတာတော့ မရှိဘူး။ (ဖရန့်စစ်ဘေကန်)

9. စိတ်ရှင်းဖို့ -
- A man cannot be comfortable without his own approval. (Mark Twain) (1835-1910)
- လူဟာ ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို လက်မခံနိုင်ပဲနဲ့ သက်တောင့်သက်သာဖြစ်ဖို့ ခဲရင်းတယ်။ (မာ့ခ်တွိန်း)

10. အကြမ်းဖက်မှုရဲ့တရားခံ -
- All violence consists in some people forcing others, under threat of suffering or death, to do what they do not want to do. (Leo Tolstoy) (1828-1910)
- အကြမ်းဖက်မှုမှန်သမျှရဲ့ အဓိကတရားခံကတော့ သေဆုံးခြင်း၊ ဆင်းရဲခြင်းဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ သူများမလုပ်ချင်တဲ့အလုပ်မျိုးကို လုပ်လာအောင် ဖိအားပေးတတ်တဲ့ လူတွေပါပဲ။ (တော်လ်စတွိင်း)

11. သူငယ်ချင်း-
- Sometimes you have a friend and you think he is made of rock, and suddenly you realize he is only made of sand. (Maria Callas)
- ကျောက်နဲ့ ထုထားတဲ့ မိတ်ဆွေလို့ ထင်ခဲ့တဲ့သူဟာ တစ်ခါတလေ သဲနဲ့ ပြီးနေတာ တွေ့ရတယ်။ (မာရီယာကဲလ်လက်စ်)

|

0 Comments

Post a Comment

Quote & Quotation Videos!!!

Copyright © 2009 အဆိုအမိန့် မှတ်စုလေးများ (Quotes & Quotations) All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.